
ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ မဖြစ်နိုင် ဘူးလို့ ဘရာဇီး တိုက်စစ်မှူး နေမာက ပြောကြား လိုက်ပါတယ်။
နေမာ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီ အသင်းနဲ့ ဆွေးနွေး ခဲ့တယ်လို့ သတင်း ထွက်ပေါ်ခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို ဖြေရှင်း လိုက်တာပါ။
ဘာစီလိုနာ ကနေ ထွက်ပြီး တခြား အသင်း တသင်းမှာ ကစားနေ တာမျိုးကို ကိုယ့်ကို ကိုယ်တောင် မြင်ကြည့်လို့ မရသလို ဘာစီလိုနာ အသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်း တခု အဖြစ် ခံစားရတဲ့ အတွက် ဘယ်အသင်း ကိုမှပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ နေမာက ဆိုပါတယ်။
အသင်းများစွာနဲ့ ဆွေးနွေးခဲ့ပေမယ့် ဘာစီလိုနာအသင်းကို ကိုယ့်အိမ်လိုခံစားမိလို့ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့လည်း နေမာက ဆိုပါတယ်။
အသက် ၂၄ နှစ်ရှိ နေမာဟာ ဆဲလ်တစ်ကို ၇ ဂိုးပြတ်အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင် ၁ ဂိုး သွင်းခဲ့သလို ဂိုးဖန်တီးမှု ၄ ကြိမ်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168633





No comments:
Post a Comment