
ပရီးမီးယားလိဂ် ကလပ် ၀က်စ်ဘရွန်း အသင်းကို တရုတ် စီးပွားရေး လုပ်ငန်းရှင် Guochuan Lai ပေါင် ၁၇၅ သန်း ၀န်းကျင်နဲ့ ၀ယ်ယူ လိုက်ပါတယ်။
အသက် ၄၂ နှစ်ရှိ Guochuan Lai ဟာဘလက်ဘန်း အသင်း အမှု ဆောင်အရာရှိချုပ် အဖြစ် တာဝန်ယူ ခဲ့ဖူးတဲ့ ဂျွန်ဝီလီလျံကိုလည်း ၀က်စ်ဘရွန်း ဥက္ကဋ္ဌသစ် အဖြစ် ခန့်အပ် ခဲ့ပါတယ်။
ဝက်စ်ဘရွန်း အသင်းကို ၀ယ်နိုင် ခဲ့တဲ့ အတွက် ကျေနပ်ကြောင်းနဲ့ အသင်း တောင့်တင်းတဲ့ အသင်း တသင်း အဖြစ် ၁၅ နှစ်ကြာအောင် တာဝန် ယူခဲ့တဲ့ ပိုင်ရှင်ဟောင်း Jeremy Peace ကိုလည်း ကျေးဇူး တင်တယ်လို့ ပိုင်ရှင်သစ် Guochuan Lai ကပြောပါတယ်။
ဝက်စ်ဘရွန်း အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲ ကစားအပြီး မှာတပွဲပဲ အနိုင်ရ ထားပြီး အဆင့် ၁၂ မှာ ရပ်တည် နေတာပါ။
အသင်းပိုင်ရှင် သစ် အနေနဲ့ နည်းပြ တိုနီပူးလစ်ကို ထုတ်ပယ်ပြီး အပြောင်းအလဲပြုလုပ်ဖို့ ရှိနေ တယ်လို့ သိရပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168621





No comments:
Post a Comment