မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 17, 2016

အသက် ၁၈ နှစ်အထိ နောက်တန်း ကစားသမား အဖြစ် ရပ်တည်ခဲ့သည့် ဖေမီနို




အသက် ၁၈ နှစ် အထိ နောက်တန်း ကစားသမား အဖြစ်ကစား ခဲ့တယ်လို့ လီဗာပူး တိုက်စစ်မှူး ဖေမီနိုက ပြောကြား လိုက်ပါတယ်။

အသက် ၂၄ နှစ်ရှိ ဘရာဇီး လက်ရွေးစင် ဖေမီနို အနေနဲ့ နောက်တန်း အစွန်ကနေ နောက်တန်း ဗဟို ခံစစ် ကစားသမား အဖြစ် အသက် ၁၈ နှစ် အထိ ကစားခဲ့ တယ်လို့ ဆိုပါတယ်။

ဖေမီနိုဟာ ကစားသမားဘ၀ကို ဘရာဇီးကလပ် CRB မှာ စတင်ခဲ့သူဖြစ်ပြီး ဘရာဇီး ကလပ် အသင်း တသင်းဖြစ်တဲ့ Figueirense အသင်းမှာ ပရော် ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လီဗာပူး အသင်းဆီရောက်ရှိလာတာပါ။

ဖေမီနိုဟာလက်စတာကို ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်း ယူနိုင်ခဲ့သူဖြစ်ပြီး နည်းပြ ဂျာဂန်ကလော့ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။

ဂျာဂန်ကလော့ဟာ ဖေမီနိုကို ဘရာဇီးတိုက်စစ်မှူးနေမာလိုဖြစ်အောင် လေ့ကျင့်ပေးနေပြီး နေမာလို စွမ်းဆောင်ရည်မျိုးရမလား ဆိုတာကတော့ မိမိရဲ့ကြိုးစားမှုအပေါ်မှာပဲ မှုတည်တယ်လို့လည်း ဖေမီနိုက ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168621

No comments:

Post a Comment