မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 17, 2016

မြန်မာယူ ၁၉ အသင်း အုပ်စုတက်ရန် ရုန်းကန်ရမည်




မြန်မာယူ ၁၉ အသင်းဟာ လာအို အသင်းကို သရေသာ ကစားနိုင်ခဲ့ တာကြောင့် အုပ်စု တက်ဖို့ ရုန်းကန် ရတော့မှာ ဖြစ်ပါတယ်။

မြန်မာယူ ၁၉ အသင်းဟာ လာအို အသင်းကို ပထမပိုင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပေမယ့် ဒုတိယ ပိုင်းမှာ မြန်မာ ကွင်းလယ်လူ သက်အောင် နှစ်ဝါတစ်နီနဲ့ အထုတ်ခံ ခဲ့ရပြီး လာအိုက သုံးဂိုး ထပ်သွင်း ခဲ့လို့ ၄ ဂိုးစီ သရေကျ ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်း ပါဝင်တဲ့ အုပ်စု (B) မှာ သြစတြေးလျနဲ့ ထိုင်းအသင်း တို့က သုံးပွဲ ကစား သုံးပွဲနိုင် ရမှတ် ၉ မှတ်စီ ရရှိပြီး အုပ်စုကို ဦးဆောင် ထားပါတယ်။

မြန်မာအသင်းက တပွဲနိုင် တပွဲသရေ တပွဲရှုံး ရမှတ် ၄ မှတ်၊ ကမ္ဘောဒီးယားက ၃ မှတ်၊ လာအိုက ၁ မှတ် ရရှိထား ပါတယ်။

မြန်မာအသင်းဟာ လာမယ့် စက်တင်ဘာ ၁၈ ရက်မှာ ကမ္ဘောဒီးယား၊ စက်တင်ဘာ ၂၀ မှာ ထိုင်းအသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်း အနေနဲ့ ထိုင်းက သြစတြေးလျကို ရှုံးရမယ့် အပြင် လက်ကျန်နှစ်ပွဲ စလုံးကိုလည်း အနိုင် ကစားမှ အုပ်စုတက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - myanmar-football-federation

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168591

No comments:

Post a Comment