
စနေနေ့က ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ အာဆင်နယ်က လိဂ်တန်းက မဟုတ်တဲ့ လင်ကွန်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ဂိုးပြတ်နဲ့ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့အ တွက် အဝေဖန် ခံနေရတာပါ။
ဒီပွဲမှာ ဂိုးပြတ်နဲ့ နိုင်လိုက်လို့ အာဆင်နယ် အသင်း ယုံကြည်မှုတွေ ပြန်တက် လာပြီလို့ နည်းပြ ၀င်းဂါးက ပြောပါတယ်။
အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ၀ဲကော့၊ ဂျီရု၊ ဆန်းချက်နဲ့ ရမ်းဆေးတို့က အသီးသီး သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်သမား အိုဇေး ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ဒီပွဲနိုင်တဲ့ အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီး အက်ဖ်အေဖလား ချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/194347





No comments:
Post a Comment