မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 12, 2017

ကမ္ဘာ့ အကောင်းဆုံး ကစားသမားဖြစ်ဖို့ နေမာ နာမည်ပြောင်းဖို့လို




နေမာက ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု မရရှိသေး ပါဘူး။

ဘာစီလိုနာ အသင်း ကြယ်ပွင့် ကစားသမား နေမာ အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး ကစား သမားဖြစ် လာချင်တယ် ဆိုရင် နာမည်ပြောင်းဖို့ လိုတယ်လို့ ဘရာဇီး ကစား သမားဟောင်း ကာကာက အကြံပေး လိုက်ပါတယ်။

ဘာစီလိုနာ အသင်းက ပီအက်စ်ဂျီကို ၆-၁ ဂိုးနဲ့ အနိုင် ယူပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ နောက်တဆင့် တက်ခဲ့ ရာမှာ ကြယ်ပွင့် ကစားသမား နေမာက အထူးခြေစွမ်းပြ ခဲ့တာဖြစ် ပါတယ်။

ဘာစီလိုနာအသင်းအတွက် နောက်ဆုံးဆယ်မိနစ်အတွင်းရခဲ့တဲ့ သုံးဂိုးလုံးဟာ နေမာရဲ့ ဖန်တီးလုပ်ဆောင်မှုတွေကတဆင့် ရလာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့အပြိုင် ခြေစွမ်းပြနေတယ်ဆိုပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို တရားဝင်ရယူချင်တယ်ဆိုရင်တော့ နေမာဟာ ဒီနာမည်နဲ့မဖြစ်ကြောင်း လက်ရွေးစင်ကစားသမားဟောင်း ကာကာက ပြောပါတယ်။

ဘရာဇီးဘောလုံးသမား ကာကာက ကမ္ဘာ့အကောင်းဆုံး ကစာသမားဆု ရရှိခဲ့ဖူး သူလည်းဖြစ် ပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေပြီးသား ကစားသမားသမားဖြစ်ပေမယ့် မက်ဆီရဲ့ ရော်နယ်ဒိုတို့ရဲ့ အနောက်မှာသာ ရှိနေပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း မရှိသေးတဲ့ သူဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့ဖူးတဲ့ ကာကာက နေမာအတွက် ထူးဆန်းတဲ့ အကြံကို အခုလို ပေးခဲ့တာဖြစ်ပါတယ်။

" ဘာစီလိုနာမှာ သူအကောင်းဆုံးစွမ်းဆောင်ထားပြီးပါပြီ။ နေမာဟာ နောက်ထပ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာမယ့်သူပါပဲ။

ဒါပေမယ့်သူ့ရဲ့နာမည်ကို ရေမာ(Reymer) လို့ ပြောင်းလိုက်မယ်ဆိုရင်သူ ပိုပြီးအခွင့်အရေး ရှိလာမယ် ထင်တယ်။ အောင်မြင်တဲ့ ဘရာဇီးကစားသမားတွေ အားလုံး နာမည် အစဟာ "R" နဲ့ စကြတာတွေချည်းဖြစ်ပါတယ်" လို့ကာကာက Record TV နဲ့တွေ့ဆုံစဉ် နေမာကို အခုလို အကြံပေးခဲ့တာဖြစ်ပါတယ်။

R နဲ့ စတဲ့ ဘရာဇီးနာမည်ကျော်ဘောလုံးသမားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. ရိုမာရီယို
  2. ရီဗယ်ဒို
  3. ရော်နယ်ဒင်ဟို
  4. ရော်နယ်ဒို

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/epl/-id6356972.html

No comments:

Post a Comment