မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 12, 2017

ချယ်လ်ဆီး - မန်ယူ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲကြို




ချယ်လ်ဆီးကို မန်ယူ အသာစီး မရတာ အတော်ကြာပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ် အတွင်း ကစား ကြမယ့် အက်ဖ်အေ ဖလား ပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ မန်ယူ အသင်းတွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်အထိ ရောက်လာပြီဖြစ်လို့ နှစ်သင်းလုံးအတွက် ဖလားအိပ်မက်ဟာ နီကပ်လာပါပြီ။

မော်ရင်ဟိုဟာ မန်ယူအသင်းနည်းပြဖြစ်လာပြီးနောက်ပိုင်း ချယ်လ်ဆီးကိုအသာစီးရယူနိုင်ခြင်းမရှိသေးပါဘူး။ အထူးသဖြင့် မန်ယူနည်းပြအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပထမဆုံးသွားရောက်တဲ့ပွဲမှာ လေးဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

၁။ မော်ရင်ဟိုအတွက် ပွဲကြီးပွဲကောင်း

ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုအနေနဲ့ စတမ်းဖို့ဘရစ်ခ်ျကို မန်ယူနည်းပြအနေနဲ့ ဒုတိယအကြိမ်သွားရောက် ကစားရမှာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရလဒ်တွေဆိုးခဲ့ပြီးနောက် ဒီဇင်ဘာမှ အထုတ်ခံလိုက်ရတဲ့မော်ရင်ဟိုဟာ ချယ်လ်ဆီးအိမ်ကွင်းမှာ အသာစီးပြန်ယူ လိုစိတ် ရှိနေမယ် ဆိုတာ သေချာ လှပါတယ်။ ဒီရာသီ မန်ယူ အသင်းရဲ့ ဖလားသုံးလုံး အိပ်မက်ရှိနေတဲ့ အတွက်လည်း မော်ရင်ဟိုက ပိုပြီး ဒီပွဲကို အာရုံစိုက် ပါလိမ့်မယ်။

ဖြစ်နိုင်ချေလူစာရင်း

ချယ်လ်ဆီးက နည်းပြကွန်တီရဲ့ ထုံးစံအတိုင်း ၃-၄-၃ ကစားကွက်ကိုပဲ အခြေခံပါလိမ့်မယ်။ ကွင်းလယ်မှာ အလွန်ဆို၊ မာတစ်၊ ကန်တေနဲ့ မော့ဆက်တို့ကိုထားပြီး ဟာဇက်၊ ကော်စတာ၊ ပက်ဒရိုတို့ကို တိုက်စစ်မှာထားပါလိမ့်မယ်။

မန်ယူအသင်းကတော့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျမပါတဲ့အတွက် တိုက်စစ်အပြောင်းအလဲ ဖြစ်မှာပါ။ ရွန်နေးကို ပွဲထုတ်မလားဆိုတာလည်း သိပ်တော့ မသေချာ ပါဘူး။ ရှေ့တန်းမှာ မက်ခီတာယန်း၊ ရက်ရှိဖို့ဒ်နဲ့ မာတာ သို့မဟုတ် ရွန်နေး ပါဝင်လာနိုင်ပါတယ်။ ကွင်းလယ်မှာတော့ကာရစ်နဲ့ ပေါ့ဂ်ဘာသာပွဲထွက်ဖို့ များပါတယ်။

ချယ်လ်ဆီးရဲ့ အားသာချက်

ချယ်လ်ဆီးဟာ မန်ယူအသင်းနဲ့ နောက်ဆုံး ၁၁ ကြိမ်တွေ့ဆုံရာမှာ လုံးဝရှုံးပွဲမရှိထားပါဘူး။ စုစုပေါင်း ခြောက်ပွဲနိုင်ပြီး ငါးပွဲသရေကျထားပါတယ်။

၂၀၀၇ ခုနှစ်ဗိုလ်လုပွဲ

၂၀၀၇ ခုနှစ်တုန်းက ဒီနှစ်သင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတွေ့ဆုံခဲ့တဲ့ အချို့မှတ်မိကြဦးမှာပါ။ ဝင်ဘာလေကွင်းမှာ ဒီနှစ်သင်းတွေ့ဆုံခဲ့စဉ်တုန်းက အချိန်ပိုမှာ ချယ်လ်ဆီးတိုက်စစ်မှူး ဒရော့ဘာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ချယ်လ်ဆီးနည်းပြဟာ လက်ရှိမန်ယူအသင်းနည်းပြ မော်ရင်ဟို ဖြစ်ပါတယ်။

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/epl/-id6356972.html


No comments:

Post a Comment