
ယူရိုပြိုင်ပွဲ အုပ်စု အီး မှာ နာမည်ကြီး ဘယ်လ်ဂျီယံက ဆွီဒင်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ဘယ်လ်ဂျီယံ အတွက် တလုံး တည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်မှာ နိုင်ဂိုလန်က သွင်းယူပေး ခဲ့ပါတယ်။
ဆွီဒင်ကတော့ အုပ်စုတွင်း နိုင်ပွဲ တပွဲမှ မရဘဲ အုပ်စု အဆင့်ကနေ လှည့်ပြန် သွားရ ပါတယ်။
လက်ရွေးစင် အသင်းကနေ အနား ယူတော့မယ်လို့ ကြေညာထားတဲ့ ဆွီဒင် တိုက်စစ်မှူး အီဗရာဟီ မိုဗစ် အတွက်တော့ နိုင်ငံအသင်း အတွက် နောက်ဆုံး ကစားတဲ့ ပွဲစဉ် ဖြစ်သွား ခဲ့ပါတယ်။
အခုယူပြိုင်ပွဲမှာ တိုက်စစ်မှူး အီဗရာဟီဗိုဗစ် တဂိုးမှ သွင်းယူနိုင်ခြင်း မရှိပါဘူး။
ဒီပွဲမှာ ဆွီဒင်က ဘောလုံးပိုင်ဆိုင်မှု ပိုပြီး အသာရပေမယ့် ထိုးဖောက် ကန်သွင်းခွင့် မှာတော့ ဘယ်လ်ဂျီယံက ပိုရခဲ့ ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီဘရိုင်း ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ ဘယ်လ်ဂျီယံဟာ ရမှတ် ၆ မှတ်၊ အုပ်စု ဒုတိယနဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားပြီး ဟန်ဂေရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155932

No comments:
Post a Comment