
ဆွီဒင် တိုက်စစ်မှူး အီဗရာဟီ မိုဗစ်က ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲပြီးရင် လက်ရွေးစင် ကစားသမား ဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ကြေညာ လိုက်ပါတယ်။
အုပ်စု အီး မှာ ပါနေတဲ့ ဆွီဒင်ဟာ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင် ရမှာပါ။
အခုပွဲစဉ်ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် နောက်ဆုံးကစားတဲ့ လက်ရွေးစင်ပွဲ ဖြစ်သွားနိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။
အသက် ၃၄ နှစ်အရွယ် အီဗရာဟီမိုဗစ်ကို မန်ယူအသင်းကနေ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
သူဟာ ဆွီဒင်အသင်းအတွက် ၁၁၆ ပွဲမှာ ၆၂ ဂိုး သွင်းပေးထားပါတယ်။
ဆွီဒင်ဟာ ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ အနိုင်ရမှ ရှုံးထွက်အဆင့်ကို တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155845





No comments:
Post a Comment