
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မေလဆန်းပိုင်းမှာ ကျင်းပပြုလုပ်မယ့် တိုကျို ယူ-၁၄ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား လူငယ် ဂိုးသမား ၂ ယောက် ရွေးချယ် ခံရကာ ၀င်ရောက် ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။

မြန်မာ့တင်းနစ် ချန်ပီယံဟောင်း ဦးသက်လွင်ရဲ့သား မောင်သက်ရင်မျိုးက တိုကျို လက်ရွေးစင် အသင်းကနေ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာဘော်လီဘော လက်ရွေးစင်ဟောင်း ဦးမြတ်သူရဲ့သား မောင်ကောင်းဇံမရက Tokyo Verdy ကလပ်အသင်းကနေ အရွေးခံ ရကာ ၀င်ရောက်ယှဉ်ပြိုင် လက်စွမ်းပြ ကြရမှာဖြစ်ပါတယ်။
မောင်သက်ရင်မျိုးနဲ့ မောင်ကောင်းဇံမရတို့ဟာ ၂၀၁၄ ခုနှစ် ကလည်း ဂျာမနီ U-12 နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ကစား ခဲ့ကြ ပါသေးတယ်။
ဒီဗွီဘီ by ဇော်ဇော်လှိုင်
Originally published at - http://burmese.dvb.no/archives/147221





No comments:
Post a Comment