
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် လီဗာပူး ကစားသမား ဆာခိုက ဆေးမအောင်တဲ့ ကိစ္စကို ကန့်ကွက် သွားမှာ မဟုတ် သလို လက်ကျန် ပွဲစဉ်တွေကို ကစားရဖို့ မျှော်လင့် မထားတော့ ဘူးလို့ ဆိုပါတယ်။
မတ် ၁၇ ယူရိုပါလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကစားပြီး ဆေးစစ် ခဲ့ရာမှာ ဆာခို ဆေးကျ သွားပါတယ်။
ဧပြီ ၃ ရက်အထိ နောက်ထပ် နမူနာတခုကို စစ်ဆေးဖို့ တောင်းဆိုနိုင်ပေမယ့် သူက တောင်းဆိုသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ စစ်ဆေးမှုတွေ မပြီးဆုံးသရွေ့ နောက်ခံလူ ဆာခိုကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။
ယူအီးအက်ဖ်အေက အရေးယူဖို့တော့ တစုံတရာ စွဲဆိုထားခြင်း မရှိပါဘူး။
ဒီဖြစ်ရပ်ဟာ လျှို့ဝှက်ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်အပေါ် လီဗာပူးအသင်းကတော့ မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မရှိပါဘူး။
၂၀၁၃ ခုနှစ်မှာ ပြင်သစ် ပဲရစ်စိန့်ဂျာမိန်းက ရောက်ရှိလာတဲ့ ဆာခိုဟာ လီဗာပူးအသင်းအတွက် ၃၄ ပွဲ ကစားထားပေးပါတယ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147225





No comments:
Post a Comment