မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, July 2, 2016

စပိန်တိုက်စစ်မှူး နိုလီတိုကို မန်စီးတီး ခေါ်ယူ




မန်ချက်စတာ စီးတီး အသင်းက စပိန် တိုက်စစ်မှူး နိုလီတိုကို ပေါင် ၁၃ သန်းကျော် ပေးပြီး ခေါ်ယူ လိုက်ပါတယ်။

မန်စီးတီးက နိုလီတိုကို စပိန် လာလီဂါ ကလပ် ဆဲလ်တာ ဗစ်ဂိုး အသင်းကနေ ၄ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်တာပါ။

အသက် ၂၉ နှစ် အရွယ် တိုက်စစ်မှူးဟာ မန်စီးတီးကနေ ရာသီသစ် အတွက် တတိယမြောက် ခေါ်ယူခံရတဲ့ ကစား သမားလည်း ဖြစ်ပါတယ်။

နိုလီတိုဟာ ယူရိုပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်း ကစားတဲ့ ၄ ပွဲစလုံး မှာ ပါဝင်ခွင့် ရထားပါတယ်။

တိုက်စစ်မှူးက စီးတီး နည်းပြ ဂွါဒီယိုလာဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မန်နေဂျာတွေထဲက တယောက်ဖြစ်ပြီး သူ့ကို တိုးတက်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/157382

No comments:

Post a Comment