
ရွိင်ရန်ဂစ်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၂၉ နှစ်ကြာ တာဝန် ယူလာ တာကို စွန့်ခွာဖို့ သဘော တူညီချက် ရသွား ပါတယ်။
မန်ယူက လာမယ့် ရက်တွေ အတွင်းမှာ တရားဝင်စာ ထုတ်ပြန် သွားဖို့ ရှိနေ ပါတယ်။
အသက် ၄၂ နှစ်အရွယ် မန်ယူ ကစား သမားဟောင်း ဂစ်စ်ဟာ အသင်းမှာ လက်ထောက် မန်နေဂျာ အဖြစ်နဲ့ စာချုပ် သက်တမ်း ၁ နှစ် ကျန်နေ ပါတယ်။
ဒါပေမယ့်လည်း နည်းပြသစ် မော်ရင်ဟိုက တခြား တယောက်ကို ခန့်လိုတဲ့ အတွက် လမ်းခွဲ လိုက်တာပါ။
ဂစ်စ်ဟာ မန်ယူ ကစားသမား ဘ၀ သက်တမ်း အတွင်း ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ အက်ဖ်အေ ဖလား ၄ ကြိမ် အသီးသီး ရရှိ ထားပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157376





No comments:
Post a Comment