
မန်ချက်စတာ ယူနိုက်တက် အသင်းက ဆွီဒင် တိုက်စစ် မှူးဟောင်း အီဗရာဟီ မိုဗစ်ကို အပြီးသတ် ခေါ်ယူ နိုင် လိုက်ပါတယ်။
မန်ယူက တိုက်စစ်မှူးကို ၁ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်တာပါ။ အသက် ၃၄ နှစ် အရွယ် အီဗရာဟီ မိုဗစ်က မန်ယူမှာ ကစားခွင့် ရတဲ့ အတွက် ၀မ်းသာကြောင်း ပြောပါတယ်။
အီဗရာဟီ မိုဗစ်ဟာ မန်ယူကနေ ဒုတိယမြောက် ခေါ်ယူတဲ့ ကစား သမားလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီအတွက် ၅၁ ပွဲ ကစားပေးရာမှာ ဂိုးပေါင်း ၅၀ သွင်းပေးထားပါတယ်။
တိုက်စစ်မှူးဟာ အီတလီကလပ် အင်တာမီလန်မှာတုန်းက ဆရာဟောင်းဖြစ်တဲ့ နည်းပြ မော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲခွင့်ရမှာ ဖြစ်ပါတယ်။
ဆွီဒင် တိုက်စစ်မှူးဟောင်းက စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157368

No comments:
Post a Comment