မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 3, 2016

ဂျာမနီက အီတလီကို ပင်နယ်တီ အဆုံးဖြတ်ဖြင့် အနိုင်ယူပြီး ဆီမီးတက် (ရုပ်သံဟိုက်လိုက်)




ဇူလိုင် ၂ ရက်နေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ယူရို ၂၀၁၆ ကွာတား အဆင့် ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ ချန်ပီယံ ဂျာမနီဟာ အီတလီ အသင်းကို အနိုင်ယူပြီး အကြို ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ပွဲချိန် မိနစ် ၉၀ အတွင်း ဂျာမနီ အတွက် ဂိုးကို ဒုတိယပိုင်း ၆၅ မိနစ် အိုဇေးက သွင်းပြီး၊ နောက် ၁၀ မိနစ်ကျော် အကြာမှာ အီတလီ ဘက်က ပင်နယ်တီ ရပြီး ဘိုနူချီက ချေပဂိုး သွင်းပေး ခဲ့ပါတယ်။

ဒီနောက် အချိန်ပို နာရီဝက် အကြိတ်အနယ် ကစားခဲ့ပြီး၊ ၁ ဂိုးစီး သရေကျတဲ့အတွက် ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာတော့ ဂျာမနီက ၆ ဂိုး ၅ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

ကွာတားဖိုင်နယ် နောက်ဆုံးပွဲကတော့ အိမ်ရှင် ပြင်သစ်နဲ့ အိုက်စ်လန်တို့ ဒီနေ့ကစားကြမှာဖြစ်ပြီး နိုင်တဲ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်နေ့ကျရင် ပေါ်တူဂီ အသင်းနဲ့ ဝေးလ် အသင်းတို့ ဆီမီးဖိုင်နယ် ကစားကြဖို့ ရှိပါတယ်။



ဒီဗွီဘီ by DVB

Originally published at - http://burmese.dvb.no/archives/157480

No comments:

Post a Comment