
ကမ္ဘာ့ အမြန်ဆုံး လူသား အဖြစ် သတ်မှတ် ထားတဲ့ အူစိန် ဘော့ဒ်ဟာ ဂျမီကာ နိုင်ငံမှာ ကျင်းပတဲ့ အိုလံပစ် အကြို မီတာ ၁၀၀ ပြိုင်ပွဲ ကနေ နုတ်ထွက် သွားပါတယ်။
ပြိုင်ပွဲ စခါနီး မိနစ် ၂၀ ကျတော့မှ ခြေထောက် ဒဏ်ရာကြောင့် ဆိုပြီး နုတ်ထွက် သွားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘရာဇီး အိုလံပစ် ကျရင် ၀င်မပြိုင်ဖို့ အထိ အခြေအနေ မဆိုးဘူးလို့ အူစိန် ဘော့ဒ်ရဲ့ မန်နေဂျာက ပြောပါတယ်။
အူစိန် ဘော့်ဒ်ဟာ အိုလံပစ်မှာ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ချန်ပီယံ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157492





No comments:
Post a Comment