
ဇူလိုင် ၂ ရက် နေ့က ကစားခဲ့တဲ့ ၀င်ဘယ်တန် တင်းနစ် ပြိုင်ပွဲမှာ အမေရိကန် တင်းနစ်သမား ဆမ် ကာရေးက ဂျိုကိုဗစ်ကို အနိုင်ရ ခဲ့ပါတယ်။
တတိယ ပတ်လည် ပွဲမှာ ကာရေးက ဂျိုကိုဗစ်ကို ၇-၆ (၆) ၆-၁ ၃-၆ ၇-၆ (၅) နဲ့ အနိုင်ရ လိုက်တာဟာ ဂရန်းစလန်း ပြိုင်ပွဲမှာ တနှစ်ကျော်ကြာ ကာလ အတွင်း ဂျိုကိုဗစ်ကို ပထမဆုံး အနိုင်ရတဲ့ တင်းနစ် သမား ဖြစ်လာ ပါတယ်။
ပြိုင်ပွဲစ ကတည်းက ဂျိုကိုဗစ်ကို အနိုင်ရနိုင် တယ်လို့ဆိုတာကို ယုံကြည်မှု ရှိခဲ့တယ်လို့ ပြိုင်ပွဲ အပြီးမှာ ကာရေးက ပြောပါတယ်။
ဇူလိုင် ၂ ရက်နေ့မှာပဲ ကစား သွားတဲ့ တတိယ ပတ်လည် အမျိုးသမီး တဦးချင်း ပွဲစဉ်မှာတော့ ပိုလန် နိုင်ငံသူ Radwanska က ချက်နိုင်ငံက Siniakova ကို 6-3 6-1 နဲ့ အေးအေးဆေးဆေးပဲ အနိုင်ရ ခဲ့ပါတယ်။
တတိယပတ်လည် တခြား ပွဲစဉ်တွေမှာတော့ ဗြိတိန်က အန်ဒီမာရေး၊ ဂျပန်က နစ်ရှီ ကိုရီတို့လည်း အနိုင်ရခဲ့ကြပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157509

No comments:
Post a Comment