Thursday, April 28, 2016
အိုးထရက်ဖို့ဒ်တွင် လက်စတာအသင်း ဖလားကိုင်မြှောက် အောင်ပွဲ ခံခွင့် မရသေး
ဧပြီ ၂၈၊ လက်စတာ
လက်စတာ အသင်း အနေဖြင့် လာမည့် တနင်္ဂနွေတွင် မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုးထရက်ဖို့ဒ်၌ အနိုင် ရပြီး ပရီးမီးယားလိဂ် ဗိုလ်စွဲခဲ့ လျှင် ဆုဖလား ကိုင်မြှောက် အောင်ပွဲခံ ရဦးမည် မဟုတ်ဘဲ အိမ်ကွင်း ကင်းပါဝါ ကွင်းတွင် အဲဗာတန်နှင့် ကစားသည့် ပွဲပြီးမှသာ ဖလား ကိုင်မြှောက် အောင်ပွဲ ခံခွင့် ရမည် ဖြစ်သည်။
ယူနိုက်တက်ကွင်းတွင် လက်စတာအသင်းဖလားမြှောက်အောင်ပွဲခံအခမ်းအနားပြုလုပ်ရန်ထက် လက်စတာကွင်းတွင်သာ အောင်ပွဲခံရန် လိဂ်တာဝန်ရှိသူများက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
လက်စတာ (အမည်ပြောင် မြေခွေးများ) အနေဖြင့် အသင်းသမိုင်းတစ်လျှောက်ပထမဆုံး အဆင့်မြင့်တန်းဆုဖလားရရန် လက်ကျန်သုံးပွဲတွင် သုံးမှတ်သာလိုအပ်တော့သည်။
အသင်းသည် ၂၂ ဂိုးဖြင့်ဂိုးအများဆုံးသွင်းထားသော ပွဲပယ်ခံထားရသည့်တိုက်စစ်မှူးဗာဒီမပါဘဲ တနင်္ဂနွေတွင်ယူနိုက်တက်ကွင်းသို့ သွားကစားရမည်ဖြစ်သည်။
ယူနိုက်တက်သည် လက်ရှိရာသီပရီးမီးယားလိဂ်အိမ်ကွင်း ၁၇ ပွဲတွင် နှစ်ပွဲသာရှုံးထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်မှန်းနေသည်။ အိုးထရက်ဖို့ဒ် ကွင်းတွင် လက်စတာအသင်းအနိုင်မရခဲ့ပါက ချန်ပီယံဖြစ်ရန်အတွက် တနင်္လာညတွင် ချယ်လ်ဆီးအသင်းနှင့်ပွဲမှ စပါးအသင်း၏ ရလဒ်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
Ref; Mirror
မဇ္ဈိမသတင်း by - ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/13623
Labels:
ဘောလုံးအသင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment