ဒီနေ့မနက် အစောပိုင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ဘယ်လ်ကာနို အသင်းကို ၅-၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူ ခဲ့ပါတယ်။
ဘာစီလိုနာ အသင်း အတွက် တိုက်စစ်မှူး နေမာ တဦးတည်းက ၄ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၂ နဲ့ ၃၂ မိနစ်တွေမှာ ပင်နယ်တီ ၂ လုံးနဲ့ ၆၉ နဲ့ မိနစ် ၇၀ တွေမှာ ၂ လုံး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ လုံးမြောက် ဂိုးကိုတော့ လူးဝစ် ဆွာရက်စ်က ပွဲချိန် ၇၇ မိနစ်မှာ သွင်းယူ ခဲ့တာပါ။
ဘယ်လ်ကာနိုအသင်း အသင်းအတွက် ဂိုးတွေ ကိုတော့ ပထမပိုင်း ၁၅ မိနစ်မှာ ဂျာဗွီ ဂူးအဲရာက ၁ ဂိုးနဲ့ ၈၆ မိနစ်မှာ ဂျိုဇဘက်က ၁ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ စပိန်လာလီဂါ အမှတ်ပေး ဇယားမှာ ၈ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဘယ်လ်ကာနို အသင်းကတော့ ၈ ပွဲကစား ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည် နေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117213
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment