
KBZ BANK U19 CUP 2016 တတိယနေ့ ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ မြန်မာ ယူ ၁၉ အသင်းနဲ့ ထိုင်းယူ ၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားတာမှာ မြန်မာ အသင်းက ပွဲကစားချိန် ၅၂ မိနစ်မှာ ဆအောင်ပြေကို သွင်းယူ ခဲ့တဲ့ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။

ဒီပွဲအနိုင် ရခဲ့ တာကြောင့် မြန်မာ အသင်းအနေနဲ့ ၃ ပွဲကစား ၄ မှတ် ရရှိပြီးတော့ အဆင် ၃ နေရာမှာ ရပ်တည် ခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာ ယူ၁၉ အသင်း အနေနဲ့ သြဂုတ် ၂၈ ရက်နေ့မှာ ထိုင်းယူ ၁၉ အသင်းနဲ့ပဲ တတိယ နေရလုပွဲ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။
ဗီယက်နမ် ယူ ၁၉ အသင်းနဲ့ ဂျပန်ယူ ၁၈ ကလပ် ကတော့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
ပွဲအပြီးမှာ မြန်မာယူ ၁၉ အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက သူတို့ အသင်းဟာ တစ်ပွဲနဲ့ တစ်ပွဲ နားလည် မှုတွေ ရလာပြီးတော့ အချိတ် အဆက် မိလာပြီး တိုးတက် လာတယ်လို့ ဆိုပါတယ်။
မြန်မာယူ ၁၉ အသင်းရဲ့ တတိယ နေရာလု ပွဲစဉ်ကိုလည်း လာရောက် ကြည့်ရှုဖို့ အတွက် နည်းပြချုပ်နဲ့ အသင်းသားတွေက မျှော်လင့် နေပါတယ်။
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165704

No comments:
Post a Comment