
သြဂုတ် ၂၆ ရက်က ယှဉ်ပြိုင် သွားတဲ့ ဂျာမနီ ဘွန်ဒက်စ် လီဂါ အဖွင့်ပွဲမှာ ဘိုင်ယန် မြူးနစ်က ဝါဒါဘရီမင်ကို ၆ ဂိုးပြတ် အနိုင်ရ သွားပါတယ်။
လက်ရှိ ချန်ပီယံ ဘိုင်ယန်ဟာ ခြေစွမ်း အသာစီးနဲ့ ကစားပြီး အခုလို ဂိုးပြတ် အနိုင်ရ သွားတာလည်း ဖြစ်ပါတယ်။
အဖွင့်ဂိုးကို ပွဲအစ ၉ မိနစ်မှာ ကွင်းလယ်လူ အလွန်ဆိုက ဧရိယာ အပြင်ဘက်ကနေ မြေမကျဘော ကန်သွင်းယူသွားခဲ့တာပါ။
၁၃ မိနစ်မှာတော့ ရစ်ဘာရီ ခင်းပေးတဲ့ဘောလုံးကို တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဆွဲယူပြီး လှလှပပ ကန်သွင်းသွားပါတယ်။ တတိယဂိုးကို ဒုတိယပိုင်း အစ ၁ မိနစ်အတွင်းမှာပဲ ညာခြမ်းက မူလာ တင်ပေးတဲ့ဘောလုံးကို လီဝင်ဒေါစကီးကပဲ ပိတ်သွင်းယူသွားခဲ့ပါတယ်။
စတုတ္ထဂိုးကို ၆၆ မိနစ်မှာ အသင်းခေါင်းဆောင် ဖိလစ်လမ်း၊ ပဉ္စမဂိုးကို ရစ်ဘာရီနဲ့ နောက်ဆုံးအပိတ်ဂိုးကို လီဝမ်ဒေါစကီးက သွင်းယူပြီး ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။
အခုလို အဖွင့်ပွဲ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နည်းပြသစ် အန်ဆယ်လော့တီအတွက်လည်း မျက်နှာပန်းလှသွားခဲ့ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/165765

No comments:
Post a Comment