
သြဂုတ် ၂၇ ရက်က ကစား သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဟာလ်းစီးတီး ပွဲစဉ်မှာ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ သွားပါတယ်။
ပထမပိုင်း မှာတော့ တဖက်နဲ့ တဖက် ဂိုးမသွင်းနို င်ခဲ့ဘဲ သရေကျနေ ပါတယ်။ ဒုတိယပိုင်း နာကျင် အချိန်ပို မှာတော့ လူစား ၀င်လာတဲ့ ရပ်ရှ်ဖိုဒ့် ပွဲပြီးခါနီး မိနစ် ၉၀ မှာ မန်ယူအသင်း အတွက် အနိုင်ဂိုးကို သွင်းယူ သွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူအသင်း အနိုင်ရတာဟာ ထိုက်တန်တဲ့ အနိုင်ဖြစ်တယ် လို့လည်း ဘောလုံးပွဲ သုံးသပ် သူတွေက ပြောပါတယ်။
မန်ယူအသင်း ဘောလုံး ပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ကန်သွင်းမှု ၂၉ ကြိမ်အထိ ပြုလုပ်နိုင် ခဲ့ပါတယ်။
အကောင်းဆုံး ကစားသမား ဆုကိုတော့ ဟာလ်းစီးတီးအသင်းက ကားတစ်ဒေးဗီးစ်က ရရှိသွား ပါတယ်။
အနိုင်နဲ့ ထိုက်တန် သလို အသင်းမှာ ထူးခြားတဲ့ စိတ်ဓာတ် အင်အား ရှိနေပြီး ကြိုးစားတဲ့ အတွက် နောက်ဆုံးမှာ အနိုင်ရ ခဲ့တယ်လို့ ပွဲအပြီးမှာ မန်ယူနည်းပြ
မော်ရင်ဟိုက ပြောပါတယ်
ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းဟာ ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့အမှတ်ပေးဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး ဟာလ်းစီးတီးကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165856

No comments:
Post a Comment