
ယူရို ၂၀၁၆ ရှုံးထွက် ပွဲစဉ် အဖြစ် အင်္ဂလန်နဲ့ အိုက်စလန်တို့ ဇွန် ၂၇ ရက်က ယှဉ်ပြိုင်ရာ နာမည်ကြီး အင်္ဂလန် အသင်း ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ ရပါတယ်။
ပွဲအစ ၄ မိနစ်မှာပဲ အင်္ဂလန် ပယ်နယ်တီ ရခဲ့တာကို ၀ိန်းရွန်နီက ကန်သွင်းပြီး ဦးဆောင်ဂိုး သွင်းနိုင် ခဲ့ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ ဦးဆောင်ဂိုးဟာ ၂ မိနစ်သာ ခံပြီး ပွဲချိန် ၆ မိနစ်မှာ ဆီဂတ်ဆန် (Ragnar Sigurdsson) က ချေပဂိုး သွင်းယူခဲ့ သလို ၁၈ မိနစ်မှာ ဆစ်သော်ဆန် (Kolbeinn Sigthorsson) က အနိုင်ဂိုး သွင်းယူ ခဲ့လို့ ပွဲအပြီးမှာ အိုက်စလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားခဲ့တာပါ။
ဒီပွဲမှာ အင်္ဂလန် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်း အထိ ရယူနိုင် ခဲ့သလို ဂိုးကန်သွင်း ခွင့်တွေမှာလည်း အသာစီး ရခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင် ခဲ့ခြင်း မရှိခဲ့ဘဲ အရှုံးပေး လိုက်ရတာပါ။
ဒီပွဲအနိုင်ရတဲ့ အိုက်စလန်အသင်းဟာ ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီး လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ အိမ်ရှင် ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156691





No comments:
Post a Comment