
လက်ရှိ ဥရောပ ချန်ပီယံ စပိန် အသင်းဟာ ယူရို ၂၀၁၆ ရှုံးထွက် အဆင့်မှာ အီတလီကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွား ရပါပြီ။
ဇွန် ၂၇ ရက်က ယှဉ်ပြိုင်တဲ့ အဲဒီပွဲစဉ်မှာ စပိန် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်း ခွင့်တွေမှာ အနည်းငယ် အသာစီး ရခဲ့ပေမယ့်လည်း လိုအပ်တဲ့ အနိုင်ဂိုး ကိုတော့ ရယူနိုင် ခဲ့ခြင်း မရှိပါဘူး။
အီတလီအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၃၃ မိနစ်မှာ ချီရယ်လီနီ (Chiellini) နဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာ ပယ်လေ (Pelle) တို့က သွင်းပေးခဲ့တာပါ။
ဒီပွဲမှာ အီတလီဘက်က ဂိုးရနိုင်တဲ့ကန်ချက် အတော်များများကို စပိန်ဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့လို့လည်း စပိန်အသင်း ဒီ့ထက် ဂိုးပြတ်မရှုံးတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားတဲ့ အီတလီအသင်းဟာ လာမယ့် ဇူလိုင် ၃ ရက်နေ့ကျရင် လက်ရှိကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156696





No comments:
Post a Comment