မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 26, 2017

ရီးရဲလ်မက်ဒရစ် ကစားသမားကို လီဗာပူးဘက်က ခေါ်ယူနိုင်မည်ဟု ယုံကြည်




ရီးရဲလ် မက်ဒရစ် သင်းက ထွက်ခွာဖို့ အလား အလာ များနေတဲ့ ကိုလံဘီယာ ကစား သမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို လီဗာပူးက ခေါ်ယူနိုင် ယုံကြည် ထားတယ်လို့သိရပါတယ်။

လီဗာပူး အသင်းဟာ ဒီနှစ် ဘောလုံးး ရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့မယ် ဆိုရင် ကွင်းလယ် တိုက်စစ် ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို အလွယ်တကူ ခေါ်ယူ ရနိုင်မယ်လို့ နည်းပြနဲ့ ဘုတ်အဖွဲ့က ယုံကြည် ထားတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့အတော်လေး အဆင်မပြေဖြစ်နေတဲ့ ရိုဒရီဂွက်ဇ်ကိုယ်တိုင် လာမယ့် နွေရာသီမှာ အသင်းပြောင်းဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

ရိုဒရီဂွက်ဇ်ကို ချယ်လ်ဆီးကစားသမားဟာဇက်အတွက် အလိုက်ပေးမယ့် ကစားသမားအဖြစ် ရီးရဲလ်ဘက်က ကမ်းလှမ်းခဲ့သေးတယ်လို့ သတင်းတွေကဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ဟာဇက်ကို အဓိကထားလိုချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်ချယ်လ်ဆီးအသင်းဘက်က ဟာဇက်ကို လုံးဝရောင်းချဖို့ စိတ်ကူး မရှိသေး တာကြောင့် ရီးရဲလ်ဘက်က ကမ်းလှမ်းချက်ကို ပယ်ချ ထားတယ်လို့ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသအသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၆၅ သန်းလောက် ပေးချေရဖွယ် ရှိနေပါတယ်။

" ဇီဒန်းဘက်ကလည်း ရိုဒရီဂွက်ဇ်နဲ့ပတ်သက်ပြီးပျော်ပုံမရပါဘူး။ ရိုဒရီဂွက်ဇ်ကလည်း ဒီလိုပါပဲ။ အသင်းနည်းပြကတော့ လာမယ့်ရာသီမှာ အပြောင်းအလဲတစ်ခုခုလုပ်ဖို့ ဘုတ်အဖွဲ့ကို မေးမြန်းထားပါတယ်။

ဒါကြောင့် လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ဟာ တကယ်ကိုဖြစ်သွားနိုင်ပါတယ်" လို့ ရီးရဲလ်မက်ဒရစ်အသင်းအတွင်းနီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်ကို ကိုးကာကာ ဗြိတိန်မီဒီယာတွေ ဖော်ပြနေကြတာဖြစ်ပါတယ်။

လီဗာပူးအသင်းတာဝန်ရှိသူတွေဘက်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့တောင် ဆက်သွယ်ဆွေးနွေးပြီးပြီလို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။

Source : Daily Express

From : Duwun by kk

Originally published at - http://www.duwun.com.mm/sports/local/-id6429383.html

No comments:

Post a Comment