မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 26, 2017

အာရှဖလား ခြေစစ်ပွဲမှာ အိန္ဒိယကို မြန်မာ ကျော်ဖြတ်နိုင်မလား




အာရှ ဖလား ခြေစစ်ပွဲ အဖြစ် လာမယ့် မတ်လ (၂၈) နေ့ ညနေ ၆ နာရီ အချိန် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းမှာ မြန်မာ့ လက်ရွေးစင် အသင်းနဲ့ အိန္ဒိယ လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းက အာရှဖလား ခြေစစ်ပွဲစဉ် ခြေစစ်ပွဲ အဆင့်ဝင် တွေရဲ့ အုပ်စု(က) အိန္ဒီယ၊ ကာဇက်စတန်၊ မကာအို အသင်းတွေနဲ့ အတူ ကျရောက် နေတာဖြစ်ပြီး အုပ်စု အဆင့် ကျော်ဖြတ်ဖို့ အတွက် အုပ်စု အတွင်း ပွဲစဉ်တွေ အားလုံးကို အနိုင်ရဖို့ လိုအပ်မှာပါ။

ဒီပြိုင်ပွဲရဲ့ထူးခြားချက်တစ်ခုက မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့က ဟာ 2014 AFC Challenge Cup qualification ခြေစစ်ပွဲတုန်းက တွေ့ဆုံခဲ့ဘူးပြီး မြန်မာ အသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရထားဘူးပါတယ်။

ဒါ့အပြင် မြန်မာအသင်းနဲ့ အိန္ဒိယ အသင်းတို့က ၁၉၆၈ အာရှဖလား ခြေစစ်ပွဲ မှာလည်း တစ်အုပ်စုတည်း ကျရောက်ခဲ့ ဖူးပြီး အနောက်ဇုန်(၂)ခြေစစ်ပွဲ ကျင်းပ ခဲ့တဲ့ ရန်ကုန်မြို့မှာ မြန်မာ၊ အိန္ဒိယ၊ ပါလက် စတိုင်းနဲ့ ကမ္ဘောဒီးယားတို့ တစ်အုပ်စုတည်း ကျခဲ့ပြီး မြန်မာ အသင်းဟာ အိန္ဒိယနဲ့ ပါလက်စတိုင်းကို(၂-၀)ဂိုး၊ ကမ္ဘောဒီးယား ကို (၁-၀) ဂိုးတွေနဲ့ နိုင်ပြီး အရှဖလား ခြေစစ်ပွဲ အောင်မြင် ခဲ့ကာ ပထမဆုံး အကြိမ် အာရှဖလားကို ၀င်ပြိုင်ခွင့် ရခဲ့ပါတယ်။

မြန်မာ - အိန္ဒိယ အာရှဖလားခြေစစ်ပွဲစဉ် လက်မှတ်တွေကို ဒီနေ့ (မတ်လ ၂၆၊၂၇) ရက်နေ့တွေမှာ အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဏအားကစားကွင်းနဲ့ လှည်းတန်းစင်တာမှာ အထူးတန်း (၃၀၀၀)ကျပ်နှုန်း၊ ရိုးရိုးတန်း (၂၀၀၀)ကျပ်နှုန်းနဲ့ စတင်ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ဝေးကွာနေတဲ့ အာရှအဆင့်အမြင့်ဆုံး ASIAN CUP 2019 ပြိုင်ပွဲကြီးကို တက်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာအသင်းရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အိန္ဒိယလက်ရွေးစင် အသင်းနဲ့ မတ်လ(၂၈)ရက် (အင်္ဂါနေ့) ညနေ (၆း၀၀)နာရီ သုဝဏ္ဏကွင်းထဲမှာ မြန်မာပရိသတ်တွေအားလုံး မြန်မာအသင်းအနိုင်ရရှိအောင် စုပေါင်းအားပေးလိုက်ကြရအောင်။

Photos : MFF

From : Duwun by WL

Originally published at - http://www.duwun.com.mm/sports/local/-id6429383.html

No comments:

Post a Comment