မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 26, 2017

၃၄ နှစ်အရွယ်တိုက်စစ်မှူး ဒီဖိုး ယနေ့အင်္ဂလန်ကို ဦးဆောင်လာမည်




ဒီနေ့ လစ်သူ ယေးနီးယား အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမယ့် အင်္ဂလန် အသင်းမှာ အသက် အကြီးဆုံး တိုက်စစ်မှူး ဒီဖိုးက ဦးဆောင် လာမယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဒီဖိုးဟာ ဒီအသက် အရွယ်ရောက်မှ အင်္ဂလန် အသင်း အတွက် တကျော့ပြန် လက်ရွေးစင် အဖြစ် ရွေးချယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း အဓိက တိုက်စစ်မှူးဖြစ်တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒဏ်ရာ ရနေခဲ့တဲ့ အတွက် ဒီခြေစစ်ပွဲ ကစားဖို့ ဆန်းဒါးလန်း တိုက်စစ်မှူး ဒီဖိုးကို ခေါ်ယူခဲ့ ရတာပါ။

ဒီဖိုးဟာလေးနှစ်လောက် ကာလအတွင်း အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး အကြိမ် ကစားခွင့် ရမှာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ပွဲမှာ ပွဲထွက်ခဲ့တဲ့ လက်စတာအသင်း တိုက်စစ်မှူး ဗာဒီကတော့ ဒီနေ့ပွဲမှာ အင်္ဂလန် အတွက် ပွဲထွက် လာဖွယ် မရှိဘူးလို့ ခန့်မှန်း ရပါတယ်။

အင်္ဂလန်အသင်းအတွက် ၅၅ ပွဲကစားပြီး ၁၉ ဂိုးသွင်းယူ ထားတဲ့ ဆန်းဒါးလန်း ဂန္တဝင် ကစားသမား ဒီိဖိုးဟာ ၂၀၁၃ ခုနှစ်တုန်းက ချီလီအသင်းနဲ့ လက်ရွေးစင် ဘဝ နောက်ဆုံး ပွဲစဉ် ကစား ခဲ့တာ ဖြစ်ပါတယ်။

အခု အင်္ဂလန်နည်းပြသစ် ဆောက်ဂိတ်လက်ထက်မှာ ပထမဆုံးအကြိမ် ဝင်ရောက်ကစားခွင့် ရမှာဖြစ်ပါတယ်။

ုယနေ့ည ကစားမယ့်စဉ်ကို ဝင်ဘာလေထောင်စုနှစ်အားကစားကွင်းကြီးမှာ လက်ခံကျင်းပမှာဖြစ်ပြီး အင်္ဂလန်က လစ်သူယေးနီးယာကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဂျာမနီအသင်းနဲ့ ခြေစမ်းပွစဉ်မှာ နည်းပြဆောက်ဂိတ်က နောက်တန်းသုံးယောက်ထားတဲ့ပုံစံကိုထားခဲ့ပေမယ့်အခု ခြေစစ်ပွဲမှာတော့ နောက်တန်းလေးဦးထားတဲ့ပုံစံကို ပြန်လည်ကျင့်သုံးဖွယ်ရှိနေပါတယ်။

တိုက်စစ်မှူးဒီဖိုးဟာ အဆုံးသတ်အလွန်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်တယ်ဆိုတာကို ဘာမေးခွန်းမှုထုတ်စရာမလိုဘူးလို့ နည်းပြဆောက်ဂိတ်က ချီးကျူးပြောကြား ထားပါတယ်။

Source : Mirror

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/epl/-id6429422.html

No comments:

Post a Comment