မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 26, 2017

လှပတဲ့ ဖရီးကစ်ဂိုးနဲ့ အတူ ပေါ်တူဂီအတွက် ဂိုး ၇၀ ပြည့်သွားတဲ့ ရော်နယ်ဒို




ဥရောပမှာ ရော်နယ်ဒိုထက် ဂိုးများတဲ့သူ နှစ်ယောက်သာ ရှိပါတော့တယ်။

ဟန်ဂေရီကို ပေါ်တူဂီက ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက ၂ ဂိုး သွင်းယူနိုင် ခဲ့ပြီးနောက် ပေါ်တူဂီ အသင်း အတွက် ဂိုးသွင်း စံချိန်ကိုပါ ရယူနိုင် ခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ရော်နယ်ဒိုဟာ စုစုပေါင်း သွင်းဂိုး ၇၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ ကစားခဲ့ကြတာဖြစ်ပြီး ပြိုင်ဘက်ဟန်ဂေရီ အသင်းကို သက်သက်သာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့ပြီးတဲ့နောက် အခု ဥရောပ လက်ရွေးစင်ကစားသမား ကစားသမားတွေထဲမှာ တတိယဂိုးသွင်းအများဆုံးဘောလုံးသမား ဖြစ်လာခဲ့ပါပြီ။

ဥရောပလက်ရွေးစင်ကစားသမားတွေထဲမှာ ရော်နယ်ဒိုထက် လက်ရွေးစင်သွင်းဂိုးများတဲ့သူ နှစ်ယောက်သာရှိပါတော့တယ်။ ဂျာမနီလက်ရွေးစင်ဟောင်း ကလိုစေးက ၇၁ ဂိုးသွင်းခဲ့တာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဟန်ဂေရီ ဂန္တဝင်ကစားသမား ပွတ်ရှ်ကပ်ဖြစ်ကာ ၈၄ ဂိုးသွင်းယူထားပါတယ်။ နောက်ထပ်တစ်ဂိုးသွင်းလိုက်ပြီဆိုရင်တော့ ရော်နယ်ဒိုဟာ ကမ္ဘာ့လက်ရွေးစင်အသင်းကစားသမားတွေအားလုံးထဲက ဂိုးသွင်းအများဆုံး ကစားသမား ဆယ်ဦးစာရင်းထဲ ဝင်ရောက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် ကမ္ဘာ့လက်ရွေးစင်ကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံး ကစာသမားဖြစ်ဖို့တော့ မလွယ်ကူသေးပါဘူး။ အီရန်လက်ရွေးစင်ဟောင်း အလီဒေးက လက်ရွေးစင်ဘဝမှာ စုစုပေါင်း နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးသွင်းယူခဲ့လို့ဖြစ်ပါတယ်။

Source : Daily Mail

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/international/-id6429279.html

No comments:

Post a Comment