မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 23, 2017

ပိုဒေါ့စကီး၏ လှပသည့် သွင်းဂိုးဖြင့် ဂျာမနီက အင်္ဂလန်ကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ဒီကနေ့ မနက် အစောပိုင်းက ဂျာမနီ နိုင်ငံမှာ ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဂျာမနီ အသင်းက အင်္ဂလန် အသင်းကို ၁ ဂိုး-ဂိုးမရှိ အနိုင် ရရှိခဲ့ ပါတယ်။

အိမ်ရှင် ဂျာမနီ အသင်း အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း တဦးဖြစ်တဲ့ ပိုဒေါ့စကီးက သွင်းယူပေး ခဲ့တာပါ။

ဂျာမနီအသင်းနဲ့ အင်္ဂလန်အသင်းတို့ဟာ သမိုင်းဝင်ပြိုင်ဘက်အသင်းတွေဖြစ်ကြပြီး ၂ သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာကို တွေ့ရပါတယ်။

ပွဲကစားချိန် ပထမပိုင်းမှာတော့ တသင်းနဲ့ တသင်း အနိုင်ဂိုးသွင်းမယူနိုင်ခဲ့ကြပဲ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာမှ ပိုဒေါ့စကီးက သွင်းယူပေးနိုင်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ဂျာမနီအသင်းဟာ ၆၄၈ မိနစ်ကြာ နိုင်ငံတကာပွဲစဉ်တွေမှာ ဂိုးမပေးရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ရတာပါ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196835

No comments:

Post a Comment