မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 22, 2017

ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ မေဂျာလိဂ်ကလပ်သို့ ပြောင်းရွှေ့ရန် မန်ယူ ခွင့်ပြု




မန်ယူ အသင်းက ကွင်းလယ်လူ ရှဝိန်း စတိုင်ဂါကို အမေရိကန် မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယားကို ပြောင်းရွှေ့ဖို့ ခွင့်ပြု လိုက်ပါတယ်။

နှစ်ဘက် ကလပ်ကြားမှာ မတ်လ ၂၀ ရက်နေ့က သဘောတူ ခဲ့ပြီး ဆေးစစ်မှုတွေ ခံယူရမှာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ဂျာမန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဟောင်းဟာ အမေရိကန် ကလပ် ချီကာဂို ဖိုင်းယား အသင်းနဲ့ တနှစ် သဘောတူ စာချုပ် ချုပ်ဆို ခဲ့တာပါ။

ရှဝိန်းစတိုင်ဂါ ကတော့ မန်ယူက အသင်း ဖော်တွေကို စွန့်ခွာ ရတော့မှာဖြစ်လို့ ဝမ်းနည်းကြောင်း ပြောဆို သွားပါတယ်။

ရှဝိန်းစတိုင်ဂါဟာ ဂျာမနီလက်ရွေးစင်အသင်းကို ၂၀၁၄ မှာ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကူညီခဲ့ပါတယ်။

သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး မန်ယူနည်းပြသစ် မော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ခွင့်မရဘဲ မန်ယူရဲ့ ယူ ၂၃ အသင်းနဲ့ လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ရလို့ အသင်းပြောင်းသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196615

No comments:

Post a Comment