Friday, May 6, 2016
ဆီဗီးလား ၃ – ၁ ရှက်တာဒိုးနပ် (ရုပ်သံဟိုက်လိုက်)
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် မေလ ၅ ရက်ညက ယှဉ်ပြိုင်ရာ စပိန် လာလီဂါ ကလပ် ဆီဗီးလားက ယူကရိန်း ကလပ် ရှက်တာ ဒိုးနပ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ သွားပါတယ်။
ပထမပိုင်း ၉ မိနစ်မှာ ဆီဗီးလားတို့ ဂိုးစတင်သွင်းယူခဲ့ပေမယ့် ရှက်တာဒိုးနပ်က ၄၄ မိနစ်မှာ ချေပခဲ့တဲ့အတွက် ပထမပိုင်း အပြီးမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်း ၄၇ မိနစ်နဲ့ ၅၉ မိနစ်တွေမှာ ဆီဗီးလားက ၂ ဂိုးဆက်တိုက်သွင်းယူပြီး ရှက်တာဒိုးနပ်ကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရှက်တာဒိုးနပ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမယ့် ဆီဗီးလားက ဂိုးပေါက်ကန်သွင်းခွင့် ပိုမိုရရှိခဲ့ပါတယ်။
ပထမအကျော့မှာတော့ ၂ ဂိုးစီ သရေကျထားတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ ဆီဗီးလားတို့ ဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ဆီဗီးလားအတွက်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၃ နှစ်ဆက်တိုက် ဖလားရရှိနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/148482
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment