Friday, May 6, 2016
ဗီလာရီးရဲလ်ကို အနိုင်ယူပြီး လီဗာပူး ယူရိုပါလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)
မေလ ၅ ရက် ညက ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် လီဗာပူး အသင်းက စပိန် လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွား ပါတယ်။
ဗိုလ်လုပွဲတက်ရောက်ရေး အနိုင်ရဖို့လိုနေတဲ့ လီဗာပူးက ပွဲစပြီး ၇ မိနစ်မှာပဲ ၁ ဂိုး စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၆၃ မိနစ်မှာ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ၇၁ မိနစ်မှာ ဗီလာရီးရဲလ်က ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
၁ ဦး အထုတ်ခံရပြီးတဲ့နောက် ဒုတိယပိုင်း ၈၁ မိနစ်မှာ တတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရယူ ကစားသွားပါတယ်။
ပထအကျော့ ဗီလာရီးရဲလ်ကွင်းမှာတော့ လီဗာပူးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပေမယ့် ဒုတိယအကျော့မှာ အနိုင်ရတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ဗိုလ်လုပွဲ တက်ရောက်သွားပြီ ဖြစ်ပါတယ်။
မေ ၁၈ ရက်မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် စပိန်လာလီဂါကလပ် ဆီဗီးလားနဲ့ ဆွစ်ဇာလန်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဗိုလ်စွဲတဲ့အသင်းကတော့ ချန်ပီယံလိဂ်ကို ၀င်ရောက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/148479
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment