
ချန်ပီယံဆုရရှိသည့် ဂျိုကိုဗစ်(ယာ)နှင့် နာဒယ်။ (ဓာတ်ပုံ - ရိုက်တာ)
တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ချိုင်းနား အိုးပန်း တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ရာဖယ် နာဒယ်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။
ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ ဂျိုကိုဗစ်က နံပါတ် ၈ ဖြစ်တဲ့ နာဒယ်ကို လက်ရည် အသာနဲ့ ပွဲကို ထိန်းချုပ်ပြီး ယှဉ်ပြိုင်သွားတာပါ။
ပထမပွဲကို ဂျိုကိုဗစ်က ၆ – ၂ နဲ့ အနိုင်ရ သွားတာပါ။ ဒီပွဲမှာ ဆားဘီးယား နိုင်ငံသားရဲ့ စပေးဘော ရိုက်ချက်နဲ့ အကွက်ချ ရိုက်ချက်တွေကို နာဒယ် မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ဒုတိယပွဲမှာ ခြေထောက် ဒဏ်ရာကြောင့် နာဒယ်ဟာ ကုသမှု ခံယူခဲ့ရပါတယ်။
ဒုတိယပွဲကိုလည်း ဂျိုကိုဗစ်ကပဲ ၆ – ၂ နဲ့ အနိုင်ယူပြီး ချိုင်းနားအိုးပန်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူသွားပါတယ်။
ချိုင်းနားအိုးပန်း ချန်ပီယံဆုဟာ ဂျိုကိုဗစ်အတွက် ကစားသမား သက်တမ်းအတွင်းမှာ ၅၆ ခုမြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
DVB by Soe Nge
Original link - http://burmese.dvb.no/archives/116135

No comments:
Post a Comment