
ဒီဇင်ဘာ ၂၅၊ အင်္ဂလန်။ ။ ကမ္ဘာ့လုပ်ခ လစာ အများဆုံးရ ဘောလုံး သမားများ စာရင်းတွင် စီရော်နယ်ဒို၊ မက်ဆီတို့ အပြင် ထင်မှတ် မထားသော ကစားသမား အမည် များလည်း ပါဝင်နေသည်။
တရုတ်သို့ ပြောင်းခဲ့သဖြင့် တစ်မိနစ်တိုင်း ပေါင် ၄၀ ရမည့် ဘရာဇီး ကွင်းလယ် ကစားသမား အော်စကာ သည်လည်း ယင်းအမည် စာရင်းတွင် ပါဝင်နေသည်။
ပရီးမီးယားလိဂ် ဦးဆောင်သူ ချယ်လ်ဆီးကို စွန့်ခွာပြီး တရုတ် စူပါလိဂ်သို့ ပြောင်းခဲ့သည့် အော်စကာ၏ ဆုံးဖြတ်ချက်ကို ယခုတစ်ပတ် တွင် အံ့အားသင့်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ရသည်။
ဘရာဇီး ကွင်းလယ် ကစားသမား အတွက် ရှန်ဟိုင်း အက်စ်အိုင်ပီဂျီ အသင်းက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းမှုကို လက်ခံရန် ချယ်လ်ဆီး အသင်းက ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး အော်စကာသည် တစ်ပတ် လုပ်ခပေါင် ၄၀၀, ၀၀၀ ရမည် ဖြစ်သည်။
ကမ္ဘာ့လုပ်ခ လစာအများဆုံး ဘောလုံးသမား ၂၀ ဦးမှာ
စဉ် | အမည် | အသင်း | တစ်ပတ်လုပ်ခ (ပေါင်) |
---|---|---|---|
၁ | တိဗက်ဇ် | ရှန်ဟိုင်းရှင်ဝှာ | ၆၁၅.၀၀၀ |
၂ | အော်စကာ | ရှန်ဟိုင်း SIPG | ၄၀၀.၀၀၀ |
၃ | စီရော်နယ်ဒို | ရီးယဲလ်မက်ဒရစ် | ၃၆၅.၀၀၀ |
၎ | ဂါရတ်ဘေးလ် | ရီးယဲလ်မက်ဒရစ် | ၃၅၀.၀၀၀ |
၅ | မက်ဆီ | ဘာစီလိုနာ | ၃၃၆, ၀၀၀ (အခွန်ဆောင်ပြီး) |
၆ | ဟော့ခ် | ရှန်ဟိုင်း SIPG | ၃၂၀, ၀၀၀ |
၇ | ပေါ့ဂ်ဘာ | မန်ယူ | ၂၉၀, ၀၀၀ |
၈ | ပယ်လီ | ရှန်တုံးလူနင် | ၂၉၀, ၀၀၀ |
၉ | နေမာ | ဘာစီလိုနာ | ၂၇၅, ၀၀၀ |
၁၀ | ရွန်နီ | မန်ယူ | ၂၆၀, ၀၀၀ |
၁၁ | ဗန်ပါစီ | ဖီနာဘာချီ | ၂၄၀, ၀၀၀ |
၁၂ | ယာယာတိုရေး | မန်စီးတီး | ၂၃၀, ၀၀၀ |
၁၃ | အဂူရို | မန်စီးတီး | ၂၃၀, ၀၀၀ |
၁၄ | ဆွာရက်ဇ် | ဘာစီလိုနာ | ၂၃၀, ၀၀၀ |
၁၅ | အဆာမိုဂျန် | ရှန်ဟိုင်း SIPG | ၂၂၇, ၀၀၀ |
၁၆ | အီဘရာဟီမိုဗစ် | မန်ယူ | ၂၂၀, ၀၀၀ |
၁၇ | လာဗက်ဇီ | ဟာဘီဖော်ကျွန်း | ၂၂၀, ၀၀၀ |
၁၈ | ဒေးဗစ်ဆေးလ်ဗား | မန်စီးတီး | ၂၁၀, ၀၀၀ |
၁၉ | ဒီဂီယာ | မန်ယူ | ၂၀၀, ၀၀၀ |
၂၀ | ရှဝိန်းစတိုင်ဂါ | မန်ယူ | ၂၀၀, ၀၀၀ |
Ref; Mirror
From : မဇ္ဈိမ မီဒီယာ
Originally published at - http://mizzimaburmese.com/article/21597

No comments:
Post a Comment