
ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် မန်ယူနဲ့ ဆန်းဒါးလန်းတို့ ဒီဇင်ဘာ ၂၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူကပဲ တဖက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် ၂၅ ကြိမ်အထိ ရခဲ့ပါတယ်။
ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ ဘလင်းက သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဆန်းဒါးလန်း ကစားသမားရဲ့ အမှားကနေ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။
ဒီပွဲမှာ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
မန်ယူအတွက် တတိယဂိုးကို ၈၆ မိနစ်မှာ မီခီတာရန်းက သွင်းယူပြီး ဆန်းဒါးလန်းအတွက် ချေပဂိုးကို ဘိုရီနီက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ မန်ယူက ၃၃ မှတ်နဲ့ အဆင့် ၆ မှာရှိနေပြီး ဆန်းဒါးလန်းကတော့ ၁၄ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181443

No comments:
Post a Comment