
ရီးရဲလ် မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းနဲ့ အတူ ၂ နှစ်ဆက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက် နိုင်ခဲ့ပြီး တဲ့နောက် သူ့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ် ပေါ်မှာ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ သီချင်း သီဆိုပြီး ကခုန်နေတဲ့ ဗွီဒီယို ဖိုင်ကို အင်စတာ ဂရမ်မှာ တင်ခဲ့ ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ ဆံပင်ပုံစံ အသစ်ကိုလည်း ပြောင်းညှပ် ထားပါတယ်။
ရော်နယ်ဒိုက သူ့အနေနဲ့ ဂိုးလည်း သွင်းနိုင်ပြီး ချန်ပီယံလိဂ် ဖလားလည်း ရရှိခဲ့ တာကြောင့် သူ့ရဲ့ကတိ စကား အရ ဆံပင်တို ညှပ်လိုက်တာ ဖြစ်တယ်လို့ ဆို ပါတယ်။
ရော်နယ်ဒိုဟာ သွင်းဂိုးပေါင်း ၆၀၀ ထိ ရှိခဲ့သလို လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဖလား၊ လာလီဂါ အမှတ်ဖလားတို့ကို ရရှိထားပြီး ရာသီအကုန်မှာ အကောင်းဆုံး ဆုတံဆိပ်တွေ ရရှိဖို့အတွက် အခြေအနေကောင်းနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/210964

No comments:
Post a Comment