
မေ ၁၄ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ နောက်ဆုံး ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ဂရန်ဒါ အသင်းကို လူးဝစ်ဆွာရက်စ်ရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ အနိုင်ရရှိပြီး ဖလား ရရှိသွား ပါတယ်။
ဖလားရရေး အတွက် အပြိုင်ဖြစ်နေတဲ့ ရီးရဲလ် အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ ရပါတယ်။ ဘာစီလိုနာ အသင်းဟာ လာလီဂါ နောက်ဆုံးပွဲကို ဂရန်ဒါနဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပေမယ့် ခြေစွမ်း အသာနဲ့ ကစားပြီး ၃ ဂိုးပြတ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အနိုင်ဂိုးတွေကို ဆွာရက်စ်က ပွဲချိန် ၂၂၊ ၃၈ နဲ့ ၈၆ မိနစ်တွေမှာ တဦးတည်း ၃ ဂိုး သွင်းယူ ခဲ့ပါတယ်။
အခု သွင်းယူခဲ့တဲ့ ဟက်ထရစ် ဂိုးတွေနဲ့အတူ ဆွာရက်စ်ဟာ စပိန်လာလီဂါမှာ သွင်းဂိုး စုစုပေါင်း ၄၀ နဲ့ အများဆုံး သွင်းယူ ထားသူဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ တခြားပြည်တွင်း ဖလားတခုဖြစ်တဲ့ Copa del Rey နောက်ဆုံး ဗိုလ်လုပွဲကို ဆီဗီလာ အသင်းနဲ့ မေ ၂၂ ရက်နေ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
တဖက် လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာနဲ့ ဖလားရရှိရေး ၁ မှတ်သာ ကွာဟာနေတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဒီပို့တီပို့ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိတဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကိုတော့ ရော်နယ်ဒို တဦးတည်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ စပိန်လာလီဂါ ဖလားကို စွန့်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းနဲ့ လာမယ့် မေ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စပိန်လာလီဂါ ပွဲစဉ်အားလုံးပြီးဆုံးချိန်မှာ ဘာစီလိုနာက ၉၁ မှတ်နဲ့ ဖလားရယူနိုင်ခဲ့ပြီး၊ ရီးရဲလ်က ၉၀၊ အက်သလက်သီကိုက ၈၈ မှတ်နဲ့ ဗီလာရီးရဲလ်က ၆၄ မှတ်နဲ့ အဆင့်အသီးသီးမှာ ရပ်တည်ခဲ့ကြပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/149798

No comments:
Post a Comment