မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 7, 2016

ကိုပါဖလား လက်ရှိချန်ပီယံကို အာဂျင်တီးနား အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ဇွန် ၇ ရက် မနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါ အမေရိက ပြိုင်ပွဲ အုပ်စု ဃ ပွဲစဉ်မှာတော့ အာဂျင်တီးနားက လက်ရှိ ချန်ပီယံ ချီလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ သွားပါတယ်။

ပထမပိုင်းမှာ တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ အာဂျင်တီးနားက ဒီမာရီယာက အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

၅၉ မိနစ်မှာ အဲဗာ ဘန်နီဂါက ဒုတိယဂိုးကို ထပ်မံသွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

မိနစ် ၉၀ မှာတော့ ချီလီအသင်းက ချေပဂိုးတဂိုး သွင်းယူသွားတဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းက မက်ဆီ ဒဏ်ရာကြောင့် လွဲချော်ခဲ့သလို ချီလီကတော့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ အာဆင်နယ်က ဆန်းချက်ဇ်နဲ့ ဘိုင်ယန်က ဗစ်ဒယ်လ်တို့ ပါဝင်ကစားသွားပါတယ်။

ဘောလုံးပိုင်ဆိုင်မှုမှာ ချီလီအသင်း အသာစီးရခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်ကတော့ ချီလီနဲ့ အာဂျင်တီနားတို့ ဆတူရှိခဲ့ကြပါတယ်။

ဒီပွဲအနိုင်ရတဲ့အတွက် အာဂျင်တီးနားက ၁ ပွဲကစား ၁ ပွဲနိုင် ၃ မှတ်နဲ့ အုပ်စု ပထမ၊ ပနားမားကတော့ ဒုတိယ၊ ဘိုလီးဗီးယားက တတိယနဲ့ ချီလီက စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။



Video Originally published at - https://www.youtube.com/watch?v=hE1hvc2GLuA&feature=player_embedded

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/153594

No comments:

Post a Comment