
စပါးစ် ကစား သမား ၂ ဦးဖြစ်တဲ့ အဲရစ် ဒိုင်ယာနဲ့ ကိုင်လီ ဝေါ်ကာတို့ ၂ ဦးဟာ လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ ရှိနေ ပါတယ်။
အင်္ဂလန် လက်ရွေးစင် အဲရစ် ဒိုင်ယာကို မန်ယူ အသင်းက ခေါ်ယူ လိုနေပြီး လက်ရှိ လုပ်ခထက် ပိုမို များပြားတဲ့ လစာနဲ့ ကမ်းလှမ်းဖို့ ရှိနေ တာကြောင့် ကစားသမား ကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့လိုတယ်လို့ သည်ဆန်း သတင်းစာက ရေးသား ခဲ့ပါတယ်။
စပါးစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အဲရစ်ဒိုင်ယာဟာ တပတ်ပေါင် ၆ သောင်းခွဲပဲ ရရှိနေတာဖြစ်ပြီး မန်ယူအသင်းက တပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းကျော် ပေးချေဖို့ အသင့်ရှိနေတာပါ။
ညာနောက်ခံကစားသမား ကိုင်လီဝေါ်ကာကို မန်စီးတီးအသင်းက ခေါ်ယူလိုနေပါတယ်။
လက်ရှိအချိန်မှာ ဝေါ်ကာဟာ ပွဲထွက်ခွင့် ဆုံးရှုံးနေတာကြောင့် သူ့အနေနဲ့ အသင်းပြောင်းရွှေ့လိုတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘယ်နောက်ခံကစားသမား ဒယ်နီရို့စ်လည်း စပါးစ်အသင်းကနေ ထွက်ဖို့ရှိပေမယ့် ဒူးဒဏ်ရာ ခွဲစိတ်ကုသရမှာဖြစ်လို့ ပြန်ကစားနိုင်မယ့် အချိန်ကျမှ အသင်းပြောင်းရွှေ့ဖို့ ရှိနေတာပါ။
ကစားသမား အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး စပါးစ်အသင်းဘက်ကတော့ ဘယ်ကစားသမားကိုမှ ရောင်းချမှာမဟုတ်ဘူးလို့ ဖြေရှင်းထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207447






No comments:
Post a Comment