မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 10, 2017

မန်ယူက ဆန်းဒါးလန်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ဧပြီ ၉ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက အဝေး ကွင်းမှာ ဆန်းဒါးလန်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

မန်ယူဟာ နောက်ဆုံး ကစား ထားတဲ့ ပွဲစဉ် အပါ အဝင် ပရီးမီးယားလိဂ်မှာ ၁၂ ပွဲ အထိ သရေကျ ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဒီပွဲမှာတော့ နိုင်ပွဲရဖို့ ပွဲစကတည်းက ဖိအားပေး ကစား သွားပြီး ဦးဆောင် ဂိုးကို မိနစ် ၃၀ မှာ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်က သွင်းယူ ပါတယ်။

ပွဲချိန် ၄၃ မိနစ်လောက်မှာ ဆန်းဒါလန်း ကစားသမား လာဆန် ဖျက်တာကြမ်းလို့ အထုတ် ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင် သွားရပါတယ်။

မန်ယူ အတွက် ဒုတိယ ဂိုးကို ၄၆ မိနစ်မှာ မစ်ခီတာရန်းက သွင်းယူပါတယ်။

ဆန်းဒါးလန်း အသင်းဟာ တန်းဆင်း ဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။

နောက်ပိုင်း မိနစ်တွေမှာ မန်ယူက တဘက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားသွားပြီး ကန်သွင်းခွင့်တွေလည်း ရခဲ့ပါတယ်။

မန်ယူအတွက် အပိတ်ဂိုးကို တန်ပြန် တိုက်စစ် ကနေ အီဗရာဟီမိုဗစ် ဆင်ပေးတဲ့ အလုံးကနေ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းယူပါတယ်။

ဒီပွဲနိုင်တဲ့ မန်ယူက ၅၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရှိနေပြီး ဆန်းဒါးလန်းကတော့ အမှတ် ၂၀ နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200423

No comments:

Post a Comment