မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 17, 2015

အဲဗာတန် ၀-၃ မန်ယူ၊ စပါး ၀-၀ လီဗာပူး (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ မန်ယူ အသင်းက အဲဗာတန်ရဲ့ အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင် ရရှိသွားပြီး စပါးနဲ့ လီဗာပူး အသင်း ပွဲစဉ် မှာတော့ ဂိုးမရှိ သရေကျ သွားပါတယ်။

မန်ယူ အသင်းက အဝေးကွင်း ဆိုပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသာယူပြီး အဲဗာတန် အသင်းကို ဂိုးပြတ် အနိုင်ရရှိ ခဲ့တာပါ။

မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ၁၈ မိနစ်၊ ၂၂ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ ရှနိုက်ဒါလင်၊ အန်ဒါဟာရဲရားနဲ့ ၀ိန်းရွန်နီတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။

အဲဗာတန်အသင်းကလည်း ဂိုးသွင်းခွင့်အချို့ ရရှိခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာက အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ချေပဂိုးမရရှိခဲ့တာပါ။

မန်ယူအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့ပေမယ့် တဖက် အမှတ်ပေးဇယား ၂ မှာ ရှိနေတဲ့ အာဆင်နယ်အသင်းကလည်း အနိုင်ရရှိခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပါတယ်။

အမှတ်ပေးဇယား ၇ မှာ ရှိနေတဲ့ အဲဗာတန်အသင်းကတော့ ဒီပွဲအရှုံးကြောင့် အဆင့် ၉ ကို ရောက်ရှိသွားပါတယ်။

တဖက် စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ကတော့ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေကျသွားပါတယ်။

စပါးအသင်းက အမှတ်ပေးဇယား အဆင့် ၇ မှာ ရပ်တည်နေပြီး လီဗာပူးအသင်းကတော့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

စပါးအသင်းနှင့် လီဗာပူးအသင်း


အဲဗာတန် ၀ နှင့် ၃ မန်ယူ


By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117107

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment