မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ထွန်းထွန်းမင်းက ဆိုင်းရပ်စ်ကို ၇၁ စက္ကန့်ဖြင့် အလဲထိုး




နာမည်ကျော် နှစ်ဦး လက်ဝှေ့ပွဲ ပြီးသည်မှာ မြန်လွန်း၍ ပရိသတ် အချို့ မကျေ မနပ်ဖြစ် ဖြစ်ခဲ့ ကြပါတယ်။

မြန်မာ့ လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် အမေရိကန် လက်ဝှေ့ သမား ဆိုင်းရပ်စ်တို့၏ မကျေပွဲ စိန်ခေါ် ပွဲစဉ်တွင် ထွန်းထွန်းမင်းက ဆိုင်းရပ်စ်ကို တစ်မိနစ်နှင့် ၁၁ စက္ကန့်တွင် အလဲထိုး အနိုင်ရ ရှိခဲ့သည်။



ပထမ အချီစသည်နှင့် ထွန်းထွန်းမင်းက တိုက်စစ်ဖွင့် ထိုးသတ်ရာ ၇၁ စက္ကန့်မှာပင် ထွန်းထွန်းမင်း၏ ညာဝိုက် လက်သီး ချက်ကြောင့် ဆိုင်းရပ်စ် လဲကျသွားစဉ် ဘယ် ပင့်လက်သီးဖြင့် ဆက်တိုက် ထိုးသတ် ခဲ့ရာ ဆိုင်းရပ်စ် လဲကျ သွားသည်။

ထွန်းထွန်းမင်း၏ လက်သီး ချက်ကြောင့် ဆိုင်းရပ်စ်၏ ဘယ်ဘက် မျက်လုံး ဒဏ်ရာ ရခဲ့ပြီး ဘယ်မျက်လုံး မမြင် ရတော့ သောကြောင့် ဆိုင်းရပ်စ်က ဆက်မထိုး တော့ဘဲ အရှုံးပေး သွားခြင်း ဖြစ်သည်။ ပွဲပြီးသည်မှာ မြန်လွန်း သောကြောင့် ပရိသတ် အချို့က ဆိုင်းရပ်စ် ဟန်ဆောင် သည်ဟု ယူဆပြီး ဒေါသ ထွက်၍ ရေဘူးဖြင့် ပစ်ပေါက် မှုများပင် ရှိခဲ့သည်။

ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံတွင် ယှဉ်ပြိုင်သော ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့ ပွဲသည် ၎င်းတို့နှစ်ဦး အတွက် တတိယမြောက် စိန်ခေါ်ပွဲဖြစ်ပြီး ထွန်းထွန်းမင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံး ထားသည်။

7Day News Journal

Original link - https://www.facebook.com/7daynews


No comments:

Post a Comment