မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ဧရာဝတီ တိုက်စစ်မှူး စိုးကျော်ကျော် Horizon အသင်းသို့ ပြောင်းရွှေ့



ဧရာဝတီ တိုက်စစ်မှူး စိုးကျော်ကျော် (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီ ယူနိုက်တက် အသင်းမှ မြန်မာ့ လက်ရွေးစင် တိုက်စစ် မှူးဟောင်း စိုးကျော်ကျော်သည် မြန်မာနေရှင်နယ်လိဂ် တန်းတက် Horizon အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ရတနာပုံ လူငယ်အသင်းမှ ပေါ်ထွက်လာပြီး ရတနာပုံ၊ ဧရာဝတီ ယူနိုက်တက် အသင်းများတွင် ပါဝင် ကစားခဲ့ ဖူးသည့် စိုးကျော်ကျော်မှာ မြန်မာ့ လက်ရွေးစင် အသင်းနှင့် အတူ ၂၀၁၃ ဆီးဂိမ်း၊ ၂၀၁၄ ဆူဇူကီးဖလား ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ဖူးသည်။

“စိုးကျော်ကျော်က လက်ရွေးစင် ကစားသမားဟောင်း ဆိုတော့ အသင်း အတွက် အားထားရတဲ့ ကစားသမား ဖြစ်လာမှာပါ။ ကျွန်တော်တို့ အသင်းမှာ လူငယ် ကစားသမား တွေကို ထိန်းကျောင်းပေးဖို့ သူ့လို အတွေ့အကြုံရင့် ကစားသမား တစ်ဦး လိုပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးစာချုပ်တဲ့ နေ့ကျရင် သူ့ကို တရားဝင် စာချုပ် ခေါ်ယူမှာပါ။”ဟု Horizon အသင်း မန်နေဂျာ ဦးကျော်ကျော်ဦးက ပြောသည်။

Horizon အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ဘောလုံး ရာသီ အတွက် တူရကီ လူမျိုး နည်းပြ ပါလာ ကိုလည်း ၃နှစ် စာချုပ်ဖြင့် ခန့်ထားပြီး နိုင်ငံခြားသား ကစားသမား ၃ဦး ကိုလည်း ခေါ်ယူ စာချုပ်မည်ဖြစ်သည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8780


No comments:

Post a Comment