မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ဥရောပလူငယ် အကောင်းဆုံး ကစားသမား ဆုကို မန်ယူ တိုက်စစ်မှူး မာရှယ်ရရှိ




မန်ချက်စတာ၊ ဒီဇင်ဘာ ၂၀

မန်ယူ တိုက်စစ်မှူး အန်တိုနီ မာရှယ်သည် အသက် ၂၁ နှစ်အောက် ကစားသမား များကိုသာ ရွေးချယ် aပးအပ်သည့် ဥရောပ လူငယ် အကောင်းဆုံး ဘောလုံး သမားဆုကို ဆွတ်ခူးရ ရှိခဲ့သည်။

အသက် ၁၉ နှစ် အရွယ်ရှိပြင်သစ် တိုက်စစ်မှူးသည် ဘိုင်ယန်မြူးနစ် အသင်းမှာ ကိုမန်း၊ မန်ယူ အသင်းဖော် များဖြစ်သည့် လုခ်ရှောနှင့် ယာနူဇေးတို့ကို ကျော်ဖြတ်ပြီး ဆုရရှိ ခဲ့ခြင်း ဖြစ်သည်။

မာရှယ်သည် ယခုနှစ်ဘောလုံးရာသီအစတွင် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့် မိုနာကိုမှ မန်ယူသို့ ရောက်ရှိလာပြီး ခြေစွမ်းပြကစားကာ ဂိုးများသွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဥရောပလူငယ်အကောင်ဆုံးဘောလုံးသမားဆုကို ပြီးခဲ့သည့်နှစ်က မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်းက ရရှိခဲ့သည်။ ထိုဆုကို အီတာလျံသတင်းစာ Tuttosport က ၂၀၀၃ ခုနှစ်မှ စတင်ပြီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုဆုကို ၀ိန်းရွန်နီ၊ အဂူရို၊ မက်ဆီ၊ ဂေါ့ဇီနှင့် ပေါ့ဂ်ဘာတို့လည်း ရရှိခဲ့ဖူးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8770


No comments:

Post a Comment