ရီးရဲလ် အသင်းရဲ့ ဥက္ကဌ Perez ဟာ ထွက်ပေါ်နေတဲ့ နည်းပြနေရာ အတွက် ကောလဟလ တွေကို ငြင်းဆန် လိုက်ပြီး လက်ရှိ နည်းပြ Benitez ကိုပဲ ဆက်လက်ပြီး တာဝန် ယူစေမယ်လို့ ယတိပြတ် ပြောကြား လိုက်ပါတယ်။
ရီးရဲလ်အသင်းဟာ နည်းပြဟောင်း Mouriho ကို ပြန်လည် ကိုင်တွယ်စေဖို့ ချဉ်းကပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ တာပါ။ နည်းပြ နည်းပြ Benitez ကတော့ ရီးရဲလ် အသင်းကို ထုတ်ပယ် ခံလိုက်ရတဲ့ နည်းပြ Ancelloti ရဲ့နေရာမှာ အစားထိုးရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ပရိသတ် အများစုကတော့ သူရောက်ရှိ လာတာကို သဘောမတွေ့ ခဲ့ကြပါဘူး။
Benitez ဟာ ကိုင်တွယ်ထားတဲ့ ၂၃ ပွဲမှာ သုံးပွဲသာ ရှုံးနိမ့်ထားပြီး အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကတော့ သူဟာအသင်းရဲ့ ဘောလုံးကစားဟန်ကို ဖျက်ဆီးနေပြီး အကျော်အမော်ကစားသမားတွေကို ပျော်ရွှင်အောင် ထိန်းထားနိုင်စွမ်းမရှိဘူးလို့လည်း ဝေဖန်နေကြပါတယ်။
အခုလောလောဆယ်မှာတော့ ရီးရဲလ်အသင်းဟာ ချယ်လ်ဆီးနည်းပြကနေ မကြာသေးခင်ကမှ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ Mourinho ကို အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်နိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ဥက္ကဌ Perez
ကတော့ နည်းပြ Benitez ကို အခုလို အရေးပါတဲ့ပွဲကို တစ်လေးတစ်စား ဖိတ်ကြားခဲ့သလို သူ့ဘက်ကနေလည်း ကျောထောက်နောက်ခံမှုတွေ ပြုလုပ်ပေးနေပါတယ်။
ဒါ့ကြောင့် ရီးရဲလ်အသင်းရဲ့ နည်းပြရာထူးသတင်းတွေကတော့ ကောလဟလမျှသာဖြစ်ပြီး ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး။ " ကျွန်တော်တို့ အသင်းကြီးရဲ့ နည်းပြရာထူးကိုတော့ Rafa ကလွဲပြီး ပြောင်းလဲသွားအုံးမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့မှာ အကောင်းဆုံးနည်းပြ တစ်ယောက်ရှိနေသလို အသင်းရဲ့ စိတ်ကြိုက်နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ ကစားသမားတွေကိုလည်း သူနဲ့ပဲလက်တွဲရမှာဖြစ်တယ်ဆိုတာကို ပြောပြထားပြီးပါပြီ " လို့ ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာ ၁၆ ပွဲကစားထားခဲ့ပြီး ၃၃ မှတ်အထိရယူထားနိုင်ကာ အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရယူထားနိုင်ခဲ့ပါတယ်။
Ref : Dailymail
Originally published at - http://sports.thithtoolwin.com/2015/12/mourinho-perez.html
No comments:
Post a Comment