Sunday, May 7, 2017
မိုနာဂိုတိုက္စစ္မႉး အမ္ဘာပီကို ခေါ်ယူရန် အာဆင်နယ် အသင့်ဖြစ်နေ
အာဆင်နယ် အသင်းဟာ ရီးရဲ အသင်းက ခေါ်ယူဖို့ ပစ်မှတ် ထားနေတဲ့ မိုနာကို အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပီ ကိုခေါ်ယူဖို့ လက်မလျော့ သေးဘူးလို့ သိရ ပါတယ်။
အာဆင်နယ် တာဝန်ရှိ သူတွေ ကတော့ မိုနာကို အသင်း အမ်ဘာပီ အတွက် ရရှိလိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းကိုလည်း ပေးချေဖို့ အဆင်သင့် ဖြစ်နေတယ် လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။
အမ်ဘာပီ အပြောင်းအရွှေ့ဖြစ်ခဲ့ပါကလည်း အဓိကတိုက်စစ်မှူးနေရာမှာ ကစားလိုတာဖြစ်ပြီးတော့ အမြဲတမ်းပွဲထွက်လူစာရင်းမှာပါဝင်ကစား လိုနေတာ ဖြစ်ပါတယ်။
အသင်းရဲ့အဓိကကစားသမားအလက်ဆစ်ဆန်းချက်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့မှာ PSGအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက အမ်ဘာပီအပြင်၊ ဒေါ့မန်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်၊ ရှော်ကေးအသင်းက ကိုလာဆီနစ် တို့ကို ခေါ်ယူဖို့ပြင်ဆင်နေခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/205271
Subscribe to:
Post Comments (Atom)
No comments:
Post a Comment