
ဇွန် ၁၂ ရက် ညက ယှဉ်ပြိုင်တဲ့ ယူရို ၂၀၁၆ အုပ်စု စီ ပွဲစဉ်မှာ ကမ္ဘာ့ ချန်ပီယံ ဂျာမနီက ယူကရိန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
အဖွင့်ပွဲမှာ အနိုင်ရ လိုက်တဲ့ ဂျာမနီ အသင်းဟာ ဥရောပ ဖလားကို လေးကြိမ်မြောက် ရရှိဖို့ မျှော်မှန်း aနပါပြီ။
ဂျာမနီ အတွက် အဖွင့်ဂိုးကို ၁၉ မိနစ် မှာပဲ တိုနီ ခရူး ဖရီးကစ် ကန်တင်ပေး လိုက်တာကို ဗဟိုခံစစ် ကစားသမား မူစတာဖီက ခေါင်းတိုက် သွင်းယူပေး ခဲ့ပါတယ်။
ပထမပိုင်းမှာ ဂျာမနီက တဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယ ပိုင်းမှာ လူစား ၀င်လာတဲ့ ရှဝိန်း စတိုင်ဂါက အနီးကပ် အပိုင် ကန်သွင်းပြီး ဂျာမနီက ၂ ဂိုးပြတ်နဲ့ အနိုင် ရရှိသွားတာ ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ဥရောပချန်ပီယံဖလားကို ရရှိခဲ့ပြီး နောက်ထပ်သုံးကြိမ်လည်း ရရှိဖူးပါတယ်။
နောက်တပွဲကတော့ လာမယ့် ဇွန်လ ၁၆ ရက်ကျရင် ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154461





No comments:
Post a Comment