ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲ အုပ်စု စီ ပွဲစဉ် အဖြစ် ပိုလန်နဲ့ မြောက် အိုင်ယာလန်တို့ ဇွန် ၁၂ ရက်ညက ယှဉ်ပြိုင်ရာ ပိုလန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ သွားပါတယ်။
ပထမပိုင်းမှာ ပိုလန် အသင်းက အသာစီးယူ ကစား ခဲ့ပေမယ့် မြောက်အိုင်ယာလန် နောက်တန်းကို မထိုးဖောက်နိုင် ခဲ့ပါဘူး။
ဒုတိယပိုင်း ၅၁ မိနစ်မှာ ပိုလန်အသင်းက ကျောနံပါတ် ၇ မိလိခ်က ဒီပွဲရဲ့ တလုံးတည်းသောဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မြောက်အိုင်ယာလန် ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပိုလန်က အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
မြောက်အိုင်ယာလန် အသင်းဟာ ယူရိုပြိုင်ပွဲမှာ ကစားခွင့်ရဖို့ နှစ်ပေါင်း ၃၀ လောက် စောင့်ခဲ့ရပြီး ပထမဆုံး ပွဲဦးထွက်မှာ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။
ဒီဗွီဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154464
No comments:
Post a Comment