
၂၀၁၆ ကိုပါ အမေရိကား ပြိုင်ပွဲမှာ နာမည်ကြီး ဘရာဇီး အသင်းဟာ ပီရူး အသင်းကို ရှုံးနိမ့်ပြီး အုပ်စု အဆင့်ကနေပဲ ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ်။
ဘရာဇီး အသင်းဟာ သရေ ရလဒ်ရရုံနဲ့ နောက်တဆင့် တက်နိုင်မှာ ဖြစ်ပေမယ့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ပီရူးအတွက် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၇၅ မိနစ်မှာ ရာအူးရူဒီယက်ဇ်က သွင်းယူ သွားပါတယ်။
နာကျင် အချိန်ပို ၆ မိနစ် အထိ ပေးခဲ့တဲ့ ဒီပွဲမှာ ဘရာဇီး အသင်းဟာ ချေပဂိုးရဖို့ တိုက်စစ်ဆင် ကစား ခဲ့ပေမယ့် ဂိုးမရ ခဲ့ပါဘူး။
အုပ်စု ဘီ နောက်တပွဲမှာတော့ အီကွေဒေါက ဟေတီကို လေးဂိုးပြတ် နိုင်သွားပါတယ်။
ဒါကြောင့် အုပ်စု ဘီမှာ ပီရူးအသင်းက အုပ်စု ပထမ၊ အီကွေဒေါအသင်းက အုပ်စု ဒုတိယ နေရာတွေနဲ့ နောက်တဆင့်တက်သွားပြီး ကွာတားဖိုင်နယ်အဆင့်မှာ ပီရူးက ကိုလံဘီယာ၊ အီကွေဒေါက အိမ်ရှင် အမေရိကန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154483





No comments:
Post a Comment