![]() |
| ယူရို ၂၀၁၆ ရုရှားနှင့် ပွဲတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်နေသည့် အင်္ဂလန် ပရိသတ်များ။ (ဓာတ်ပုံ - Getty) |
အင်္ဂလန် အသင်းနဲ့ ပြင်သစ် အသင်း ပရိသတ်တွေ အရင်ရက်တွေ တုန်းကလိုပဲ ထိန်းမနိုင် သိမ်းမရ ဆက်ဖြစ်နေမယ် ဆိုရင် နှစ်သင်း စလုံးကို ပြိုင်ပွဲကနေ ထုတ်ပယ် ပစ်တဲ့ အထိ အရေး ယူမယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ်က သတိပေး ထားပါတယ်။
ဒါကို ပြင်သစ်ပြည်ထဲရေး ၀န်ကြီးကလည်း ထောက်ခံတယ်လို့ ပြောပါတယ်။
ဘောလုံးကွင်းအတွင်းမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်လာရင် အပြစ်ပေးဖို့ လိုအပ်တယ်လို့ ၀န်ကြီး ဘားနက် ကာဇန်နူဗီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
မာဆေးလ်မြို့မှာ ဖြစ်ပွားတဲ့ ကိစ္စလိုမျိုး ဘောလုံးပွဲ လက်ခံကျင်းပနေတဲ့ ၉ မြို့စလုံးမှာ မဖြစ်မခံကြဖို့ မြို့အသီးသီးက ရဲအဖွဲ့တွေကို မှာကြားထားတယ်လို့လည်း ပြောပါတယ်။
ဝရုန်းသုန်းကား ဖြစ်ပြီးနောက် ဖမ်းဆီးထားသူတွေကိုလည်း ဘောလုံးပွဲကြည့်ခွင့် ပိတ်ပစ်မယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မျက်နှာဖုံးစွပ်ထားတဲ့ ရုရှားပရိသတ်တွေက အင်္ဂလန်အသင်း ပရိသတ်တွေကို ထိုးကြိတ် ကန်ကြောက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ လူမျိုးရေး ရန်လိုမှုတွေ ပါဝင်နေသလားဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။
ဘောလုံးကွင်းမှာ ရုတ်ရုတ်သဲသဲ မဖြစ်ခင်ကတည်းက အင်္ဂလိပ်၊ ရုရှားနဲ့ အိမ်ရှင် ပြင်သစ်ပရိသတ်တွေ မာဆေးမြို့မှာ ၃ ရက်ဆက်တိုက် ထိပ်တိုက်တွေ့ခဲ့ကြလို့ ရဲက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154549







No comments:
Post a Comment